You are currently viewing တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးခြင်း

တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းသို့ ကွင်းဆင်း စစ်ဆေးခြင်း

မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်တွင် တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ခြင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းအေး ဦးဆောင်သည့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။