You are currently viewing ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့အဝင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့အဝင်များနှင့် တွေ့ဆုံဆွေးနွေး

(မေ ၂၈၊ ၂၀၂၁)

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မကွေးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဖြစ်သည့် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကဏ္ဍများတွင် ကာလတိုအတွင်း  အောင်မြင်မှုများရရှိ စေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် အဆိုပြုချက်များကို ဥပဒေ၌ ပြဋ္ဌာန်းထားသည့် သတ်မှတ်ကာလအတွင်း စိစစ်နိုင်ရေး ဆွေးနွေးပြောကြားခဲ့ရာ မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်မကွေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်း တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မယ်လှကျင်းကျေးရွာရှိ GEP (Myanmar) Co., Ltd. ၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကန်ရေကျေးရွာအုပ်စုရှိ Kyaw & Than Co., Ltd. ၏ မန်းသီတာကွန်ကရစ်ကျောက်တိုင်လုပ်ငန်းတို့သို့ သွားရောက်ကာ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။