ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

ဌာန၏ သမိုင်းနောက်ခံအကျဉ်း

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးကို မကွေး တိုင်းဒေသကြီး၊ မကွေးမြို့၊ ပြည်တော်သာ(၁)လမ်း၊ မြို့နယ်စုပေါင်းရုံး၌ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက် နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ဦးစီးဌာန၏ မူလလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရုံးလုပ်ငန်းတာဝန် များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒများနှင့် အညီ လိုက်နာဆောင်ရွက်လျက်ရှိပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု ဌာန တစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။ ဌာနသည်နိုင်ငံအတွင်း ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာစေရန်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန (Investment Promotion Agency) တစ်ခု အဖြစ်လည်းတာဝန်ထမ်းဆောင်လျက်ရှိပါသည်။

မူဝါဒ

မကွေးတိုင်းဒေသကြီး၏ လူမှုစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး၊ လယ်ယာကဏ္ဍကို အခြေခံပြီး ဆက်စပ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် မြို့နယ်များ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့ကို မကွေးတိုင်းဒေသကြီး၏ ဦးစားပေးကဏ္ဍများအဖြစ် ရင်းနှီးမြှုပ်နှံမှုများဝင်ရောက် ရေး ဆောင်ရွက်ရန်။

မကွေးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်အဖြစ် တိုင်းဒေသကြီး၏ MSMEs ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

ရည်ရွယ်ချက်

(၁)     ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန်။

(၂)      ပုဂ္ဂလိက စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းကို အားပေးရန်။

(၃)     ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင် ရွက်ရန်။

(၄)     အဖွဲ့အစည်းတည်ထောင်ဆောင်ရွက်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံမူဘောင်များအား ဖွံ့ဖြိုးတိုး တက်အောင်ဆောင်ရွက်ရန်။

ဦးတည်ချက်

မကွေးတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုအခွင့် အလမ်းများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးပွားများ ပြားလာစေရေး အလေးထား ဆောင်ရွက်သွားရန်။

ရည်မှန်းချက်

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်မြင့်မားစွာဖြင့် တာဝန်ယူ ဆောင်ရွက်နိုင်သော နိုင်ငံတကာအဆင့်မီ ဌာနတစ်ခုအဖြစ် ရပ်တည်ရန်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၏လုပ်ငန်းတာဝန်များ

(၁)     တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ ကုမ္ပဏီဆိုင်ရာကိစ္စရပ်များ လွယ်ကူ                    ချောမွေ့စေရေး ကူညီဆောင်ရွက်ခြင်း။

(၂)      အွန်လိုင်းကုမ္ပဏီမှတ်ပုံတင်စနစ် MyCO (Myanmar Companies Online) အား ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုနိုင်ရေးဆောင်ရွက်ခြင်း။

(၃)     ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ မျှဝေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စ များကိုလွယ်ကူလျင်မြန်စွာဖြင့်ဆောင်ရွက်ပေးခြင်း။

(၄)     မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသို့ တင်ပြလျောက်ထားလာသည့် အတည် ပြုလျှောက်ထားလွှာများကို ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်လက်ခံခြင်းနှင့် ကော်မတီ အစည်းအဝေးသို့တင်ပြခြင်း။

(၅)     မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီဆောင်ရွက်ခြင်းရှိစေရေးကွင်းဆင်းကြပ်မတ်   ဆောင်ရွက်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဆောင်ရွက်ခြင်း၊

(၆)     ကိုဗစ်-၁၉ချေးငွေ အကျိုးရှိစွာအသုံးချမှုအပေါ်စိစစ်ကြပ်မတ်ရေး ဆောင်ရွက်ခြင်း၊