You are currently viewing မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီက စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခု အား အတည်ပြုမိန့်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များကဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။