မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီက စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၂)ခု အား အတည်ပြုမိန့်ထုတ်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ် ကော်မတီအဖွဲ့ဝင်များကဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း
- Post author:DICA Magway
- Post published:စက်တင်ဘာ 24, 2024
- Post category:Meeting News
You Might Also Like
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း
ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့အဝင်များနှင့် တွေ့ဆုံဆွေးနွေး