ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ၁။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်-၄ (လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁) နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊ (ခ) ကွန်ပျူတာအသုံးပြုနိုင်သူဖြစ်ရမည်၊ (ဂ) စာရင်းကိုင်ပညာနှင့်သက်ဆိုင်သည့်…