မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ် များပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် တန်ဖိုးမြှင့်နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင်ပြီးနှမ်း၊ နှမ်းလှော်ဆီမွှေး၊ ရောင်စုံနှမ်း၊ တန်ဖိုးမြှင့်ပဲများဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီး မြေပဲ ထုတ်လုပ်၍ ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး ကုမ္ပဏီမှတာဝန် ရှိသူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း
- Post author:DICA Magway
- Post published:နိုဝင်ဘာ 7, 2024
- Post category:Ground Inspection News