You are currently viewing မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းတင်ပြရာ တက်ရောက်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။