အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်
၁။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်-၄ (လစာနှုန်း ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၁) နေရာအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ) ကွန်ပျူတာအသုံးပြုနိုင်သူဖြစ်ရမည်၊
(ဂ) စာရင်းကိုင်ပညာနှင့်သက်ဆိုင်သည့် အသိအမှတ်ပြုလက်မှတ်ရရှိထားသူဦးစားပေးမည်၊
(ဃ) ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၀) နှစ်ထက်မကျော်လွန်သူ ဖြစ်ရမည်။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
(စ) ရွေးချယ်ခြင်းခံရပါက ဌာနတွင် အနည်းဆုံး (၂) နှစ်တာဝန်ထမ်းဆောင်ရမည်၊
(ဆ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာန ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး၏ ခွင့်ပြုချက်ရယူရမည်၊
(ဇ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း (Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း (Removal)၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံရသူများလျှောက်ထားခွင့်မရှိပါ၊
(ဈ) ပါတီနိုင်ငံရေးကင်းရှင်းသူဖြစ်ရမည်။
၂။ လျှောက်ထားရာတွင် လျှောက်လွှာနှင့်အတူ အောက်ပါအချက်များပါဝင်ရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ(မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်၊ စာမေးပွဲဖြေဆိုသည့်အခါမူရင်းတင်ပြရန်)၊
(ခ) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ (မိတ္တူမှန်ဖြစ်ကြောင်းလက်မှတ်ရေးထိုးရန်၊ စာမေးပွဲဖြေဆိုသည့်အခါ မူရင်းတင်ပြရန်)၊
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ(စာမေးပွဲဖြေဆိုသည့်အခါမူရင်းတင်ပြရန်)၊
(ဃ) သက်တမ်းရှိသော အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (ဖြေဆိုကတ်ပြား ထုတ်ယူချိန်တွင် မူရင်းတင်ပြရန်)၊
(င) ၂ လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊
(စ) အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာနှင့် မြို့နယ်ရဲစခန်းထောက်ခံချက်မူရင်း၊
(ဆ) ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာ မြို့နယ်ဆရာဝန်၏ (၁) လအတွင်း ဆေးစစ်ထောက်ခံချက်မူရင်း။
၃။ လျှောက်လွှာများကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ မြို့နယ်စုပေါင်းရုံး၊ ပြည်တော်သာ(၁)လမ်း၊ ပြည်တော်သာရပ်ကွက်၊ မကွေးမြို့သို့ (၁၀-၉-၂၀၂၆)ရက်နေ့ အရောက် လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း နောက်ဆုံးထားလျှောက်ထားပေးပို့ရမည်ဖြစ်သည်။
၄။ အရည်အချင်းသတ်မှတ်ချက် မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာသောလျှောက်လွှာများကို လက်ခံ စဉ်းစားမည် မဟုတ်ပါ။
၅။ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်း၊ ခုံအမှတ်၊ ဖြေဆိုမည့်နေ့ရက်နှင့်နေရာများကို အကြောင်းကြားပေးမည်ဖြစ်ပါသည်။
၆။ အထွေထွေဗဟုသုတ ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများကို ကွန်ပျူတာနှင့် လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၇။ အသေးစိတ်အချက်အလက်များသိရှိလိုပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ တယ်လီဖုန်းနံပါတ် ၀၆၃-၂၀၂၈၇၄၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်စုံးစမ်းနိုင်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး
လျှောက်လွှာရယူရန် Download