မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုက ရင်းနှီးမြှုပ်နှံမှုအရပ်ဒေသတိုးချဲ့ခွင့် နှင့် ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခွင့် တင်ပြခြင်းအပေါ် ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့်လုပ်ငန်းအပေါ်ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၀/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း
- Post author:DICA Magway
- Post published:ဒီဇင်ဘာ 8, 2025
- Post category:Meeting News MM